Saturday, February 23, 2013

ရွှေထိုးသားများ ဆက်ကြိုးစား



ရွှေထိုးသားများ ဆက်ကြိုးစား

အတိတ်က မကောင်းခဲ့လို့
လက်ရှိ ပစ္စုပ္ပန်မှာ
အခြေနေ မဲ့နေတယ် ဆိုရင်တောင်
တို့ရဲ့ အနာဂတ်တွေက
တို့ဘက်မှာ အမြဲ ရှိနေတယ်ဆိုတာ
please တစ်ချက်လောက်
သတိပြုလိုက်စမ်းပါ။

ပြည့်စုံတဲ့ လူရယ်လို့ မရှိခဲ့ဖူးဘူး
ဘုရားရှင်တောင်မှ
ဘ၀ပေါင်း အသင်္ချေ ပြည့်အောင် ဖြည့်ခဲ့ရတာ
ဒီအချက်နဲ့တင်
တို့တွေရဲ့ ဘ၀မှာ
အားတစ်ချက် ထပ်ထည့်သင့်ပြီပေါ့။

တို့တွေဟာ ရွာသားပဲ ဖြစ်ဖြစ်
နယ်သူပဲ ဖြစ်ဖြစ်
ရဟန်းပဲ ၀တ်နေပါစေ
ဘ၀ဆိုတာကို
အကောင်းဆုံး ဖြတ်သန်းခွင့်
လူတိုင်းမှာ အခွင့်ရေး ရှိစမြဲပါ။

အားငယ်စိတ်တွေ
ဘယ်တော့မှ
ဘယ်အချိန်မှ
ဘယ်အရပ်ရောက်ေ၇ာက်
never never
မထားသင့် မရှိသင့်ဘူးပေါ့
သူကပဲ
တို့တွေရဲ့ ဘ၀ကို ဖျက်မယ်ဆိုတာ
တစ်ချက်လောက် ငဲ့ကြည့်ထားပေးပါ။

ဘ၀က
ကံကောင်းလို့ ကောင်းနေရင်လဲ
ရှေ့ဆက် ကောင်းအောင်
မပြောင်းတဲ့ စိတ်ဓာတ်နဲ့
အမြဲ ပေါင်းဖက်သွားပါ။

ဟေ့......
နယ်သူ နယ်သားများကို
ဟောဒီ ရင်ဘက်ကြီးနဲ့
ရွှေထိုးသွေးတွေ
စီးဆင်းနေတဲ့
ဟောဒီ နှလုံးသားနဲ့
အော် ပြောလိုက်မယ်

မင်းတို့ လှတာကို အမြဲ မြင်ချင်တယ် (ဘ၀)။ ဆွေမျိုးသားချင်းတစ်ယောက်ရဲ့ ဆန္ဒ
နင်တို့ဘ၀ ဖြောင့်ဖြူးနေတာကို အမြဲ ကြားချင်တယ်။ မိဘတွေရဲ့ ဆန္ဒနဲ့ ထပ်တူ
အဝေးရောက်နေပေမဲ့ ကျန်ခဲ့တဲ့ သူတွေက မျှော်နေသူမျိုး
ဖြစ်နေကြဖို့လဲ ဖြစ်စေချင်တယ်။ (အများနဲ့ ဆက်ဆံရေး ကောင်းခဲ့သူမျိုး)

ဒါတွေဟာ
ရွှေထိုးသား/သူတွေကို
ချစ်လွန်းလို့
ခင်လွန်းလို့
ကိုယ် မသိလိုက်ဘဲ
ဖြစ်တည်နေတဲ့
အကြင်နာ စကား
ရင်မှာ ဘယ်နေရာမှာမှ
ထားမရတော့လို့
မင်းတို့ မသိနိုင်တဲ့
ဟောဒီ အခန်းကျဉ်းလေးထဲက
ပေါက်ကွဲ ထွက်လာတဲ့
အကြင်နာတွေ
အရောင်သန်းနေတဲ့
ကြည်နုးဖွယ် ဆွတ်ပျံ့လာတဲ့
နံနက်ခင်း တေးသံ တစ်ပုဒ်ပါ။

မင်းတို့ ကြိုးစားသွားပါ။ ဘယ်တော့ပဲ ဖြစ်ဖြစ်။
နင်တို့ ဇွဲ မလျှော့ပါနဲ့။ ဘယ်နေရာ ရောက်ရောက်။
ကိုယ်မှာ နတ်မျက်စိ၊ နတ်နား မရှိပေမဲ့
မျက်လုံးဖွင့် နားစွင့်နေမယ်။

ဟောဒီ ရင်ဘက်
ဟောဒီ နှလုံးသားနဲ့ အတူပေါ့။

Cham Myaye (SPSU Mandalay)

No comments:

Post a Comment