Saturday, February 23, 2013

နွားထိုးမြေသို့အလွမ်း



နွားထိုးမြေသို့အလွမ်း

ခဏလေးရယ်လို့၊ ကိုယ့်မြို့ကခွာ၊
အလာသာ၊ အပြန်ခက်သူမို့၊
ငယ်ရပ်သူ၊ ဆွေဖော်ပေါင်းကို၊
ဝေးရပ်ကလွမ်း…။
 
မှန်းယှဉ်လို့မျှော်…
မြို့တခွန်နော်၊ တောင်ဖက်ယွန်းဆီက၊
သာဒွန်းကျော်၊ စေတီထူးကိုဖြင့်၊
ရည်စူးကာ စိတ်ဝယ်သမ်းသမို့၊
ဦးတင်လို့မှန်း…။
 
လွမ်းလို့ဖြင့်မကုန်…
ဘယ်မြို့ပုံ သာပါလိမ့်..၊
ဆရာတော်၊ တပည့်ကောင်းတွေမို့၊
သာသနာ ရောင်ဝါလွှမ်းပေရဲ့၊
စောင့်မပြတ် သတင်း..။
 
ငြင်းလို့ဖြင့်မတော်..
လှချက်နော်၊ အသွင်တမျိုးနဲ့၊
ရွှေတိုးသူ၊ ယဉ်ညိုချောကိုလ
လွမ်းလှချည့်လေး…။
 
ညနေရီပျို…
ထန်းရိပ်မှာခို၊ ညီ,ကိုနဲ့ဖော်သင်း၊
ခွန်းတုံ့ငယ်၊ တူပျော်ရင်းနဲ့
ညံစာစာ ငယ်ဖြစ်ဟောင်းပ
ပြန်ပျောင်းလို့လွမ်း…။
 
ပြန်ရက်ကိုမျှော်…
နီးပါပေါ့၊ ဖော်တစ်သင်းရဲ့
ဒီပွဲတော်၊ တပိုတွဲမှာဖြင့်၊
နယ်အခေါ် မောင်ခိုလေးတို့
ကဲရချည့်လေး…။

Natogyi Thar(ခ)ခိုလေး

No comments:

Post a Comment