Monday, March 18, 2013

**တိတ်ဆိတ်သောခြေသံလေးများ**

**တိတ်ဆိတ်သောခြေသံလေးများ**

ခါနွေတပေါင်း၊ ရွက်ဟောင်းတို့ကြွေ၊
လေပွေငယ်ဝှေ့၊ နွမ်းသွေ့ရင်မှာ၊
ဟာတာတာနဲ့..ငေးမောမိတယ်..။
ရော်ရွက်လွင့်ကြွေ၊ ဂိန်မာန်နွေဦး၊
ပုရစ်ဖူးနဲ့၊ ချစ်ဦးဘယ်ခါ၊
ထွက်ပေါ်လာနိုး..မျှော်ကိုးမိတယ်..။
နုမြစ်ရွယ်ပျို၊ ဟိုခါဆီသို့၊
ဘာလို့တောင်းတ၊ တွေးမရခဲ့၊
ဆွေးရပါတယ်...ချစ်ဦးငယ်ရယ်..။ 

မှန်းဆတွေးမျှော်၊ ရမ်းရော်စိတ်ကူး၊
သွားဖူးခဲ့တဲ့၊ သက်မဲ့ပုံရိပ်၊
ဟိုးအတိတ်ကို၊ တိတ်တဆိတ်နဲ့၊
လှမ်းမိခဲ့တယ်...တပေါင်းရေ..။
တပေါင်းနွေကြောင့်၊ ချောင်းမြောင်းစမ်းရေ၊
ခမ်းသွေ့စေလည်း၊ နှလုံးသားကြား၊
အဖျားခံရင်း၊ စီးဆင်းခဲ့တဲ့၊
သဲနုန်းပို့မောက်၊ ထိုချောင်းပျောက်က၊
ခမ်းခြောက်သင့်လျှက်၊ ပတ်ခွေရစ်ဝိုင်း၊
မောင့်တံတိုင်းကို၊ စိတ်လှိုင်းခတ်ပုတ်၊
ဆွဲနုတ်သွားတယ်...ငယ်ချစ်ဟောင်းရယ်..။
စိတ်ဝယ်တောင်စဉ်၊ လွှင့်မျောနေခိုက်၊
လျှပ်တိုက်ခြေသံ၊ ကြာရပြန်ပြီ၊
ဘယ်ရပ်ဆီက၊ မှန်းမရဘူး..၊
ခြေသံလေလား..၊ လေသံလား....။
(Natogyi Thar(ခ)ခိုလေး)

No comments:

Post a Comment