Monday, March 18, 2013

***ဇာတိဂုဏ်***

***ဇာတိဂုဏ်***


  •  အ ထွေအထူးမရှိပေတဲ့
နေဖူးကသိစေ့မယ်
ဒီမြို့နယ်ဒေသစခန်း
အေးချမ်းလှတယ် ။

  • ဒီမြို့ငယ် ငယ်ပေတဲ့
ပေါကြွယ်လှသာသနာနယ်
ဘာသာရယ် အခြားမရှိ
အများက သိကြတယ် ။

  • ဒေသငယ် ငယ်ပေတဲ့
ပေါကြွယ်လှ ပညာသယ်
ဘယ်ခါရယ် နယ်ပယ်မရွေး
ဒီမြို့သွေး ရှိတယ် ။

  • လူသာငယ် ငယ်ပေတဲ့
အများအကျိုး ထမ်းပိုးသယ်
စပါးမျိုးနဲ့ခိုင်းနှိုင်းသူရယ်
ရိုင်းစိုင်းတယ်မ တွေးလေနဲ့
အများအကျိုးစီးပွားဖို့ရယ်
နွားထိုးကြီးသားတို့
ရွက် ဆောင် တယ်
မှတ်ထားကွယ် ခုလိုမျိုးပ
မျိုးစပါးကိုလည်း
ထောင်းရမယ်
နထိုးသားကိုလည်း
ပေါင်းရမယ်
မျိုးစပါးထောင်းက
ဆန်ကောင်းစားရမယ်
နထိုးသားပေါင်း မှ
အကြံ ကောင်းကြားရမယ် ။
(ပရဟိတလုပ်ဆောင် လျှက် ရှိသည့်ရဟန်းရှင် လူနယ်သူနယ်သားအ ပေါင်းအား
ပုဇော်/ဂုဏ်ပြုပါသည်)

ရေးသားသူ- ကိုထင်အောင်မိုး

No comments:

Post a Comment