Thursday, January 3, 2013

facebook အကောင့်အား ကာကွယ်ခြင်း



Facebook အသုံးပြုသူများသိသင့်သော ကြိုတင်ကာကွယ်ခြင်းနှင် အကောင့်ရယူခြင်း
ယခုအခါ facebookအကောင့်များအား ခိုးယူသုံးစွဲခံနေရကြောင်း သူငယ်ချင်းများထံမှ ကြသိနေရပါသဖြင့် ကျွန်တော်စုဆောင်းထားသော facebook အကောင့်ကာကွယ်နည်းအချို့ကို ပြန်လည်မျှဝေပေးလိုက်ပါသည်။ သိထားပြီးသူများရှိကြပါမည်။ သို့သော် မသိသေးသူများလည်းများစွာရှိနိုင်ပါသဖြင့် တင်ပြလိုက်ရခြင်းဖြစ်ပါသည်။ အားလုံး အဆင်ပြေနိုင်ကြပါစေ..။ (Natogyi Thar)
အကောင့်ရယူခြင်း
၁။ မိမိတွင် အနည်းဆုံး မိမိအသုံးပြုလို့ရနေသည့် facebook အကောင့်သုံးခုအနည်းဆုံးရှိထားရမည်။
၂။ facebook မဖွင့်ဖူးသေးသော gmailအသစ်တစ်ခု ဆောင်ထားရမည်။
၃။နံပါတ်(၁)တွင်ဖော်ပြထားသော မိမိအကောင့်များကို မိမိရယူလိုသည့် သူ၏အကောင်တွင် add friend လုပ်ထားရမည်။
၎။ထို add များထဲမှ အကောင့်(၃)ခုအား ခိုးယူခံရမည့်သူက friendလက်ခံလိုက်ပြီဆိုလျှင်ဖြင့် ခိုးယူခြင်းလုပ်ငန်း စတင်လုပ်နိုင်ပါသည်။
၅။ မိမိရယူမည့် အကောင့်၏page ကိုသွားပါ။ about ကိုနှိပ်ဖွင့်လိုက်ပြီး ထိုထဲမှ contact infoကို ဖွင့်ကြည်လိုက်ပါ။
၆။ထိုထဲတွင် တွေ့ရသည့် facebook mail နှင့် emailလိပ်စားများတွေ့ရမည်။ ၄င်းကို ကူးယူလိုက်ပါ။
၇။မိမိအကောင့် log outထွက်ပြီး Browser မှာပေါ်တဲ့ facebook browser box မှာ ကူးယူလာတဲ့ mail ကိုpauseချ/ ကူးရိုက်လိုက်ပြီး အဲဒီအောက်ရှိ forget passwordကိုနှိပ်လိုက်ပါ။
၈။ပေါ်လာတဲ့boxမှာ mailကိုဖြည်ပြီး search ကိုနှိပ်လိုက်လျှင် ထိုအကောင့်ပေါ်လာပါမည်။
၉။သူပေးထားတဲ့ Yes, it is my accound. ကိုနှိပ်လိုက်ပါ။
၁၀။ထိုအကောင်သည် friendလက်ခံထားသည်မှာ မကြာသေးသဖြင့် အသုံးပြုနေဆဲ/ အသုံးမပြုတာကြာသောအကောင့်မဟုတ်ကြောင်းကို No longer have access to these? ဆိုတာကိုနှိပ်လိုက်ပါ။
၁၁။ထိုနောက်ပေါ်လာသောmail box တွင် နံပါတ်(၂)တွင် ဖော်ပြထားသော gmailလိပ်စာသစ်ကို(၂)ကြိမ် ရိုက်ထည့်လိုက်ပြီး continueကိုနှိပ်လိုက်ပါ။ ထိုနောက်သက်သေပြုချက်ရယူရတော့ပါမည်။ သိုသော်ယခုရိုက်ထည့်လိုက်သောgmailဖြင့်ပြုလုပ်ရခြင်းမဟုတ်ပါ။ နံပါတ်(၃)(၄)တွင် addလက်ခံထားသော အကောင့်များက လုပ်ဆောင်ပေးရပါသည်။
၁၂။trusted friend လုပ်ရပါတော့မည်။ ထိုထဲမှ 3 trustde friend ကိုရွေးချယ်လိုက်ပါ။ နံပါတ်(၂)(၃)မှ အကောင်များကို တစ်ခုရွေးလိုက် continue နှိပ်လိုက်ဖြင့် မိမိအကောင့်သုံးခုကို သုံးခါရွေးပေးလိုက်ပြီး send code to friends ကိုရွေးနှိပ်လိုက်ပါ။
၁၃။ကြို addထားသော အကောင့်များထဲသို့ code များရောက်နေပါမည်။ ထိုcodeများသုံးပြီး submit code လုပ်လိုက်လျှင် ထိုအကောင်၏ accound recover ကိုရသွားပါပြီ။ အဲဒီမှာဘဲ…..ပါသွားပါပြီ။
(ဤသို့ခိုးနည်းအား တင်ပြရခြင်းသည် ကာကွယ်ရန်အတွက် လွန်စွာအထောက်အကူဖြစ်ပါသည်။ ခိုးနည်းတတ်မှတော့..ကာကွယ်နည်းသိရပါမည်။ ဒါဟာယခု ဟက်တယ် ဟက်တယ် ပြောနေကြတဲ့နည်းဖြစ်ပါသည်။ network နှင့် နည်းပညာဆိုင်ရာတွင် ကျွမ်းကျင်ပိုနိုင်မှုနှင့် softwereမျိုးစုံးရှိပါသည်။ ၄င်းတို့မှာမူ ကျွန်တော်တို့လို သာမာန်အသုံးပြုသူများလောက်ကိုတော့ သနားပါသည်။ ဆရာကြီးများပင်မနိုင် ကြေးစားများရှိကြပါသည်။ ထိုသူများက ဒါလောက်အလုပ်ကို ယောင်လို့ပင်မလုပ်ကြမည်မထင်ပါ။)
ကာကွယ်နည်း
၁။friend လုပ်လျှင် သေချာစီစစ်ပါ။
၂။chat ထိုင်လျှင်လည်း လူတိုင်းဖြင့်မလုပ်ပါနှင့်။
၃။facebook mailနှင့် emailကို only me ဟုပြောင်းထားလိုက်ပါ။
၎။sectury question ကိုသေချာလုပ်ထားပါ။ သူက passwordကိုတိုက်ရိုက်ပြောင်းမရအောင် ခံပေးထားတဲ့ လုံခြုံရေးစနစ်ပါ။ မေးခွန်းကိုလွယ်လွယ်မဖြေထားပါနှင့် (သင်၏ဇာတိမြို့ ကိုရေးပါဆိုလို့ natogyi ဆိုပြီးများ ကျုပ်ရိုက်လိုက်ရင် ဒုက္ခဖြစ်သွားမယ်။ အကောင့်နာမယ်ကိုက Natogyi Thar ပါဆိုမှ)
၅။add friend လုပ်လာသမျှကိုလက်မခံပါနှင့် (ဒါလည်းသဘောပေါက်မှာပါ။)
ဒီလောက်ဆိုရင် အတော်ကာကွယ်ထားနိုင်ပါတယ်။ ဒါတောင် addတွေရှိနေရင် ခိုးမရသော်လည်း သူတို့ လက်ကမြင်းလို့ ကိုယ့်အကောင့်ပြန်ဖွင့်တဲ့အခါ ဖွင့်မရတော့ဘဲ ခက်ခဲတတ်ပါတယ်။
ဒါကတော့ facebookရဲ့ အထူးဝန်ဆောင်ပေးထားမှုပါ။
ဒါကတော့ facebookတစ်ခါဖွင့်တိုင်း ကိုယ့်ဆီကိုအကြောင်းကြားပေးတဲ့ စနစ်ပါ။ မိမိသုံးနေကျမဟုတ်သော စက်နှင့် ကိုယ်အကောင့်ဖွင့်လိုက်တာနှင့် ကိုယ့်ဆီကို massage or email ဖြင့် code 8 လုံးကိုပို့ပေးပါတယ်။ အဲဒီကုတ်ကိုရိုက်ဖွင့်လိုက်မှ ပြန်သုံးလို့ရပါတယ်။ တခါနှင့်တခါ ကုတ်နံပါတ်များ မတူပါ။ မိမိသုံးနေကျဖြစ်တဲ့ ဖုန်း/ ကွန်ပျူတာဆိုရင်တော့ ပြန်ရိုက်စရာမလိုပါဘူး။ စက်မှာသုံးထားခဲ့တဲ့လက်ကျန် cookieများရှိနေခြင်းကြောင့်ပါ။ ဒါတောင် deep freezeလိုဆောဖ်ဝဲမျိုးသုံးထားရင် သူကဖျက်ပစ်လိုက်လို့ နောက်တခါဖွင့်ရင် ပြန်ရိုက်ထည့်ရမှာပါ။ အလွန်လုံခြုံလို့ လူရိုက်လုမှရပါမယ်တဲ့။ အဲဒီနည်းကတော့ သူများတင်ထားတာလေးထဲက ပြန်ယူပေးလိုက်ပါတယ်။ အောက်က linkဖွင့်ကြည့်ပါ။

No comments:

Post a Comment