*ဘုရားပွဲတော်အမှတ်တယ ရေးမိရေးရာ ကဗျာများ
*ဘုရားပွဲတော်အမှတ်တယ
ရေးမိရေးရာ ကဗျာများ
စာမေးပွဲကနီး
ဘုရားပွဲဇတ်ထဲကဆိုင်းတီး
ပလိန်းတီးလေးတစ်ခွက်နဲ့
ဆိုင်ထိုင်ခြင်တဲ့စိတ်ကိုထိန်းထား ။
အဖော်စပ်လို့မရတော့
သူငယ်ချင်းကစိမ်းကား
ရုပ်ရှင်ရုံမှာပြနေတာက
´´မမစိမ်း´´ဇတ်ကား ။
ရင်ထဲမှာဘလောင်ဆူနေတာက
ချစ်သူရဲ့အမုန်းစကား
သိမ်းထားတာလေးတွေနဲ့
ဝယ်ပေးမှာက ပွဲတော်ဈေးက
အရုပ်ကလေး တအားလှ----ဒါပေမယ့်လေ
မမ---မမ --မမ
အမုန်းပွား------။
လွမ်းနေအမြဲပါ
မွေးရပ်မြေရယ်
တပိုတွဲ ဒီလ ဒီခါ
တညီတညာစုရုံး
တနယ်လုံးပါပဲ လေ
လည်းသံတွေလဲကြားတယ်
ကားသံတွေလဲ တအားရယ် ။
ဘာပဲဖြစ်ဖြစ် ဒီတပွဲ ဒီအခါ
ပျော်ရွှင်မှာပဲ အမေပဲဆဲဆဲ
အဖေပဲဆူဆူ သူငယ်ချင်း သူ ----သူ-----သူတို့တွေနဲ့
ပွဲတော်ကွင်းမှာ ---ပျော်မယ်ဗျာ---။
ရေခဲမုန့်တွေစား
အရုပ်တွေဝယ် ---ကော်သေနက်နဲ့
မတော်တရော် ပစ်မိလို့ အမေကရိုက်
ဒီအချိန်အခိုက်မှာ ရောင်းသမျှ အရုပ်
ပွဲတော်မပြီးခင်အမှိုက်ထုပ် ထဲပစ်
အသစ်အသစ် ထပ်ဝယ်ခိုင်း
ထင်ရာစိုင်းခဲ့တာမဟုတ်တာ အမေသိမှာပါ ။
ငယ်ငယ်တုံးက ဒီနထိုးပွဲ
ပုဆိုး စွန်တောင်ဆွဲ နွဲခဲ့တာလဲ မမေ့စရာ
ဘ၀ ရဲ့စေစားရာ မြန်ပြည်တလွှားမှာ
အရုပ်တွေလဲ ၀ယ်ချင်တာ
ရေခဲမုန့်တွေစားချင်တာ
ထန်းလတ်မိုးတဲ့ ရုပ်ရှင်ရုံမှာလဲ
အဖြူအမဲ ဇတ်ကား ကြည့်ပြီး
တဟားဟား ရယ်ချင်လိုက်တာ ။
အားကစားပွဲလဲ ကွင်းနားပြေး
ဟေးဟေးလို့အော်
တို့ရပ်ကွက်ကတော်တယ် ---ဟိုရပ်ကွက်ကညံ့တယ်
အမယ်အမယ် ဟေ့ကောင် တို့ရပ်ကွက်
မထိနဲ့မီးပွင့်သွားမယ်---
စသဖြင့်စသဖြင့် --------။
ပုံရိပ်တွေ---ပုံရိပ်တွေ---ပုံရိပ်တွေ
မြန်မာ့အသံက ပြန်လွှင့်တဲ့ ခေတ်ဟောင်းရုပ်ရှင်လို
ကောင်းနေဆဲ ခေတ်မှီနေအမြဲ
လွမ်းနေအမြဲပါ မွေးရပ်မြေရယ် ။
Myo
Khaing
No comments:
Post a Comment