Saturday, February 23, 2013

မွေးရပ်မြေ ခုချိန်ဆို



နထိုးမြေ ခုချိန်ဆို

အမျိုးတွေ စု တပိုတွဲ ပွဲတော်ကို

နွဲပျော်ပျော် အစဉ်မြဲ။

သာဒွန်းမြေ ခုချိန်ဆို

ပူဇော်ပွဲနွဲဘို့ ကို အားခဲလို့ အပျို လူပျို

ချစ်သူတွဲကလေး များတွေလဲ ပါစမြဲ။

မွေးရပ်မြေ ခုချိန်ဆို

အဝေးရောက် ညီအကို

အပြေးလေး အရောက်ကို လှမ်းခြင်သော်လည်း

အခွင့်အလန်း ရယ်ခက်သော်မို့

လွမ်းလျှက်သာပဲ --------။
Myo Khaing

No comments:

Post a Comment