Saturday, February 23, 2013

ဘုရားပွဲတော်ဘွဲ့



ဘုရားပွဲတော်ဘွဲ့

နွားထိုးကြီးမြို့က၊ တန်ခိုးကြီးဘုရားပွဲ၊
တပိုတွဲလမှာကျင်းပ၊ ကြက်ပျံမကျလို့ပြောကြသပေါ့။
ကြက်ပျံမကျစည်ကား၊ ပျော်ပါးရုံသက်သက်မဟုတ်၊
စီးပွားရေးအရ ရောင်းကြဝယ်ကြ၊
အိုးပုတ်၊ ချိုးရုပ်ကစ အဝတ်အထည်စုံ၊ ခောတ်မှီလူသုံးကုန်၊
တောင်သူသုံးကဏ္ဌ တူ၊ တံစဉ်၊ လွှ
လှည်းယဉ်ကစ ပရိဘောဂစုံ၊
ဒေသကုန်၊ ပြင်ပကုန်၊ အစုံတကအစုံ၊
ဘာမဆိုအကုန်ရတဲ့ လိုတရပွဲတော်ကြီးပေါ့လေ။
လိုတရတဲ့ ဗုဒ္ဓပူဇနိယပွဲ..
အသံမစဲ မဟာပဋ္ဌာန်းပွဲလဲပါ၊
ဆွမ်းဆန်စိမ်းလောင်း၊ ကျောင်းပေါင်းစုံစွာ..။
ဇာတ်ရုံပွဲကစကြည့်ချင် ပွဲဆုံး
ရိုးရာခြင်းလုံး၊ နွားဒုံး၊ လှည်းဒုံး
ခေါင်းဦးရိုက်ကြ၊ တက်ပြ ချောတိုင်၊
အနိုင်မခံ အရှုံးမပေး..
ဇာတိသွေးပြ၊ မာန်မာနမရှိ၊
လာကြည့်လှည့်ပါ မိတ်သဟာ..။
မိတ်သဟာအဆွေထူးတို့ရေ...
အပျော်ကျူးတဲ့ပွဲမဟုတ်..၊
အတော်ထူးတဲ့ပွဲ..။
ဒုစရိုက် ရှာတဲ့ပွဲ မဟုတ်..၊
သုစရိုက် ပါတဲ့ ပွဲပေမို့...၊
မလွဲစေဖို့ရည်ရွယ်၊ ဒီနယ်တွင် လွန်ထင်ရှားတဲ့၊
ရှင် သာဒွန်းဦးဘုရားပွဲကိုသွား၊
လိုလားသမျှတောင့်တ၊ ပြည့်ဝဖို့အဓိဋ္ဌာန်၊
ဖိတ်မံတက ပြုရပါ ကြောင့်း့  ။
(၅၅)ကြိမ်မြောက် ရှင် ပင် သာဒွန်းဦးဘုရားပွဲအားပူဇော်ပါသည်။
(ရေးသားပူဇော်သူ-ကို Htinaung Moe )

No comments:

Post a Comment