Thursday, April 11, 2013

၃၈- ဘဒ္ဒန္တ၀ိသုဒ္ဓ (နွားထိုးကြီးနွယ်ဖွား ဆရာတော်များ)



(၃၈) သက်တော်(၃၅)၊ ၀ါတော်(၁၅)၀ါရှိ
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ပထုံဋ္ဌာနီခရိုင်၊ ဓမ္မကာယကျောင်းတိုက်

ဘဒ္ဒန္တ၀ိသုဒ္ဓ၏ အတ္ထုပ္ပတ္တိအကျဉ်း
ဇာတိ = ထန်းဇင်ကျေးရွာ၊ နွားထိုးကြီးမြို့
မိဘ = ဦးကြည်ဆိုင် + ဒေါ်တိုး
မွေးသက္ကရာဇ်= ၁၃၃၉-ခုနှစ်၊ တော်သလင်းလပြည့်ကျော် (၁)ရက်၊ ဗုဒ္ဓဟူးနေ့။
ပညာရေးဘွဲ့= သာသနဓဇဓမ္မာစရိယဘွဲ့၊
သာသနမကုဋဓမ္မာစရိယ သံဝဏ္ဏတ္တယဝေဒဂူဘွဲ့၊
သာသနပါလဓမ္မာစရိယဘွဲ့၊
B.A (Buddha Dhamma) ရန်ကုန် ထေရ၀ါဒဗုဒ္ဓတက္ကသိုလ်၊
M.A (Buddha Dhamma) ရန်ကုန် ထေရ၀ါဒဗုဒ္ဓတက္ကသိုလ်၊

သာသနာ့ တာဝန် = ဓမ္မကာယ ပိဋကသုတေသနဌာနမှာ ရှေးဟောင်းပိဋကတ် ပေစာများ၊ ယခုခေတ် ပိဋကတ်ပုံနှိပ်မူများ စုစည်းလျက် မူကွဲများ ရွေးထုတ်မှတ်တမ်းတင်ခြင်း၊ ဗုဒ္ဓဘာသာ သက္ကတကျမ်းစာ၊ မဟာယာနကျမ်းစာတို့နှင့် တိုက်ဆိုင်လေ့လာခြင်းစတဲ့ သုတေသနလုပ်ငန်းများကို နိုင်ငံတကာ ပညာရှင်များနှင့် ဆောင်ရွက်။
လက်ရှိသီတင်းသုံး = ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ပထုံဋ္ဌာနီခရိုင်၊ ဓမ္မကာယကျောင်းတိုက်။

No comments:

Post a Comment