Tuesday, October 16, 2012

မြန်မာ့အင်ကြင်းကျောက်




မြန်မာ့အင်ကြင်းကျောက်များ တရားဝင်တင်ပို့
 
မြန်မာနိုင်ငံမှ ထွက်ရှိသော အင်ကြင်းကျောက်များ (အောက်ပုံ)ကို တရားမဝင်တင်ပို့မှုများ ပိတ်ပင်ထားရာမှ ယခုအခါ သတ္တုတွင်းဝန်ကြီးဌာန ကြီးကြပ်မှုဖြင့် တရုတ်နိုင်ငံဈေးကွက်သို့ အင်ကြင်းကျောက်တန်ချိန် ၅ဝ ကို အမျိုးအစားသုံးမျိုးခွဲ၍ မူဆယ်နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် ပြီးခဲ့သည့်လအတွင်းက တရားဝင်တင်ပို့နိုင်ပြီဖြစ်ကြောင်း သိရသည်။

ပြည်ပတင်ပို့ခွင့်ပိတ်ထားရာမှ ဌာန၏မူအရ တင်ပို
့ခွင့်ပြုခြင်းဖြစ်ကြောင်း သိရှိရပြီး နွားထိုးကြီးမြို့နယ်ထွက် အင်ကြင်းကျောက်များကိုကုမ္ပဏီနှစ်ခုက အချောကိုင်၍ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်လျက်ရှိရာနိုင်ငံတော်အတွက် အခွန်ငွေရရှိပြီး ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာနိုင်ကြောင်း သိရှိရသည်။

Ref; နွားထိုးကြီး အောက်တိုဘာ ၁၃၊ ၁၄-၁၀-၂၀၁၂ ရက်နေ့ထုတ် ကြေးမုံသတင်းစာ၊ စာမျက်နှာ ၁
(away from natogyi) group from facebook မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment