Tuesday, October 16, 2012

ဖြတ်သန်းသွားသောရေနံပိုက်လိုင်း



·    

   အများပိုင်ထနောင်းပင်လဲ ရေကန်တရုတ်ပိုက်လိုင်းဖြတ်သန်း နစ်နာမှုရှိနေ၍ပြုပြင်ပေးမည်ဆို
နွားထိုးကြီး ဇူလိုင်(၃၁)။နွား ထိုးကြီးမြို့နယ်၊ ထနောင်းပင်လဲ ရွာအနီးရှိ ထနောင်းပင်လဲ၊ ထန်း ဇင်ကန်မှာ တရုတ်-မြန်မာရေနံ ပိုက်လိုင်းဖြတ်သန်းခံရ၍ အများ ပိုင်ပစ္စည်းဆုံးရှုံးခြင်းအပေါ်ညှိနှိုင်း ချက်အရ ကန်ဘောင်မြှင့်တင် ပြု ပြင်ပေးရန် စွမ်းအင်ဝန်ကြီးဌာန က သဘောတူညီလိုက်ပြီဆို၏။
တရုတ်-မြန်မာရေနံပိုက်လိုင်း ဖြတ်သန်းခံရသော ပုဂ္ဂ
လိက လယ်မြေ၊ သီးနှံနှင့်နှစ်ရှည်ပင်များ ဆုံးရှုံးမှုကို နစ်နာမှုအတွက်ပိုက် လိုင်းစီမံကိန်းကနစ်နာကြေး(၂)ကြိမ် ထုတ်ပေးလျော်ခဲ့သည်ဆို၏။
ယခုထနောင်းပင်လဲကန်မှာ နစ်နာကြေးတောင်းမည့်သူမရှိ၊ လျော်ကြေးလည်းမရခဲ့၍ အများ ပိုင်ကန် ဆုံးရှုံးမှုအတွက် ပြန် လည်ပြုပြင်ပေးရန် ကျေးရွာ၊ မြို့ နယ်၊ အဖွဲ့အစည်းနှင့် တရုတ်- မြန်မာစီမံကိန်းမှ တာဝန်ရှိသူများ ညှိနှိုင်းခဲ့ရာမှ ပြုပြင်ပေးရန် ဆုံး ဖြတ်ခဲ့ခြင်းဖြစ်သည်။
မြို့နယ်အုပ်ချုပ်ရေးမှူးက ကျေးရွာအများသုံး စက်ရေတွင်း တစ်တွင်းပါတူးဖော်ပေးရန်တောင် ဆိုထားကြောင်းသိရသည်။ စီမံ ကိန်းပိုက်လိုင်းမှလည်း ၎င်းတို့ ဖြတ်သန်းဖောက်လုပ်ခြင်း၍ကျေး ရွာစိတ်တိုင်းကျပြုပြင်ပေးရန် သဘောတူထားသည်ဆို၏။
Ref; ဌေးကိုမောင်၊ The Hot News Journal


(away from natogyi) group from facebookမှကူးယူတင်ပြပါသည်။

No comments:

Post a Comment