Tuesday, October 16, 2012

မင်းစုံတောင်ပြိုကျနေမှု



  နွားထိုးကြီးတွင် တောင်ကုန်းများ ပြိုကျ၊ ငလျင်လှုပ်ရန် အရိပ်ပြသည်ဟု ဒေသခံများ ယုံကြည်နေ

 
·     နွားထိုးကြီးမြို့နယ်ရှိ မင်းစုံတောင်မှ တောင်ကုန်း ၉၉ လုံးမှ တောင်ကုန်း သုံးလုံးမှာ ဇူလိုင် ၈ ရက်က မြေကျွံပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ “မင်းစုံ တောင်တန်းကနေ တောင်ပြိုကျနေတာ နွားကျောင်းသားတွေက တစ်ဆင့် ကြားနေတာတော့ ကြာပြီ။ ကျွန်တော်တို့ တစ်သက် တစ်ခါမျှ မကြုံဖူးလို့ ယုံလဲ မယုံပါဘူး။ အပြောများလို့ သွားကြည့်မှ
အက်ကွဲကြောင်းကြီးတွေနဲ့ ကျောက်တုံးတွေ ပြိုဆင်းလာတာ တွေ့ရတာ” ဟု ထန်းတောရွာမှ အသက် (၄၀) ရှိ ဦးကံသိန်းက ဆိုသည်။ မင်းစုံတောင်တန်းကြီးမှာ တောင် ၉၉ လုံးရှိရာ သုံးလုံးမှာ နိမ့်ဆင်းပြိုကျခဲ့ခြင်း ဖြစ်ပြီး ဆက်လက်ပြိုကျရန် အလားအလာ ရှိနေတာကြောင့် စောင့်ကြည့်နေရပါတယ်ဟု မင်းစုံတောင် ဘေးမဲ့တော အုပ်ချုပ်ရေးမှူးက ဆိုသည်။ တောင်ပြိုကျမှုကြောင့် ဖြစ်ပေါ်လာသော အက်ကြောင်းများမှာ အရှည်ပေ ၃၀ ကျော်၊ အနက်နှစ်ပေခန့်၊ အကျယ် နှစ်ပေခန့် ရှိသည်။ နိမ့်ဝင်သွားသော မြေဧရိယာမှာ သုံးဧကနီးပါးရှိပြီး အနံ ၁၃၀ မှ အလျား ၃၅၀ ခန့်ရှိသည်ဟု ခန့်မှန်းမိသည်။

Ref; ဌေးဌေးမောင် (HHM/TSH)




(away from natogyi) group from facebook မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment